မြို့သစ်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့်ပြပွဲ ဆောင်ရွက်

မြို့သစ် နိုဝင်ဘာ၂၇

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက မင်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်ထွေးက ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည့် ကလေးအလုပ်သမား၏အသက်အရွယ်၊ ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် အသိပညာအကြောင်းအရာများကို ဟောပြောခဲ့ပြီး အသိပညာပေးနံရံကပ်စာစောင်များ ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)