ဂန့်ဂေါမြို့၌ ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော

ဂန့်ဂေါ နိုဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ(စည်ပင်)ကျောင်းတွင် ကျောင်းအခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ထိုသို့ ကျောင်းအခြေပြုမီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲတွင် ဂန့်ဂေါမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်ရဲနိုင်မှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်များ၊ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များအား ရှင်းလင်းဟောပြောခဲ့ကာ ဦးစီးအရာရှိ ဦးဇော်ရဲနိုင်နှင့်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူး အသုံးပြုနည်းများကို လက်တွေ့သင်ကြားပြသပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်ရဲနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ အခြေခံ ပညာအလယ်တန်းကျောင်းခွဲ(စည်ပင်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းယုနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၅၃)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်မျိုးမင်း