မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မင်းလှမြို့နယ် ဥယျာဉ်ကျေးရွာတွင် ဆိုလာရေတင် စီမံကိန်းဆောင်ရွက်မည့်နေရာသို့ ကွင်းဆင်းကြည့်ရှု

မကွေး နိုဝင်ဘာ ၂

နိုင်ငံတော်အကြီးအကဲ၏လမ်းညွန်မှုဖြင့် “ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များ၏ဘေးဝဲယာရှိ စိုက်ပျိုးမြေများအား ဆိုလာစနစ်ဖြင့် ရေတင်ပြီး စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်၍ တစ်နှစ်ပတ်လုံးသီးနှံစိုက်ပျိုးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက မင်းလှမြို့နယ် ပန်းတော်ပြင်အုပ်စု  ဥယျာဉ်ကျေးရွာ စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာရေတင် စီမံကိန်းဆောင်ရွက်မည့်နေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထိုကျေးရွာသို ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲအား တိုင်းဒေသကြီး ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးက ဥယျာဉ်ကျေးရွာစိုက်ပျိုးရေရရှိရေးအတွက် ဆိုလာရေတင်စီမံကိန်းဆိုင်ရာ(၅၀၀)ဧကအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှ ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်ထိနှစ်ဆက်စီမံကိန်းအဖြစ် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးရွာရှိစိုက်ပျိုးမြေ ဧက(၅၀၀)ခန့်အား တနှစ်လျှင်(၃)သီး/သီးထပ်သီးညှပ် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သောစိုက်ပျိုးရေကို ဧရာဝတီမြစ်ရေမှရယူကာ လျှပ်စစ်ရေတင်စနစ် ဆောင်ရွက်ပေးနိုင်ရေးနှင့် အခြားလိုအပ်ချက်များအား ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မြန်မာ နိုင်ငံအနေဖြင့် စိုက်ပျိုးရေးကိုအခြေခံ၍ စျေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံလူဦးရေ၏(၇၀)ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများ ဖြစ်ပြီး စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ဆောင်ရွက်ကြကြောင်း၊ နိုင်ငံဖွံဖြိုးတိုးတက်ဖိုအတွက် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရန် လိုအပ်သလို ကျေးလက်နေပြည်သူများ၏ဘဝ ဖွံဖြိုးတိုးတက်ရေးမှာ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ အောင်မြင်ဖြစ်ထွန်းရန် အဓိကလိုအပ်ပါကြောင်း၊ ယခုလည်း ဒေသခံတောင်သူများအနေဖြင့် ရာသီမရွေးစိုက်ပျိုးရေရရှိပြီး သီးနှံများအချိန်မီ စိုက်ပျိုးနိုင် ရေး ဧရာဝတီမြစ်နှင့် ထိစပ်လျက်ရှိသည့် ဥယျာဉ်ကျေးရွာတွင် ဧက(၅၀၀)ခန့်အား မြင်ကွန်းလျှပ်စစ်မြစ်ရေတင်ကဲ့သို လျှပ်စစ်ရေတင် တစ်ခုဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဥယျာဉ်ကျေးရွာအနီး ဥယျာဉ် ဆိုလာရေတင်စနစ် ဆောင်ရွက်ပြီးပါက မိုးရာသီမှာ စပါး၊ မိုးနှမ်းနှင့် ဝါသီးနှံများ၊ဆောင်းသီးနှံရာသီမှာ ကုလားပဲ၊ မတ်ပဲသီးနှံများနှင့် နွေရာသီမှာ စပါး၊ ပဲတီစိမ်း နှမ်းတိုကို (၁) နှစ်လျှင် (၃)သီး စိုက်ပျိုးလာနိုင်မည်ဖြစ်ပါကြောင်း၊ သီးနှံပင်၏ လိုအပ်တဲ့ရေပမာဏကို ချိန်ကိုက်ပေးဝေနိုင်မည်ဖြစ်သည့်အတွက် သီးနှံအထွက်နှုန်းမြင့်မားလာကာ ကုန်ကျစရိတ်နှင့် ဝင်ငွေရရှိမှု နှိုင်းယှဉ်ပါက အကျိုးအမြတ် များပြားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲအား ဒေသခံပြည်သူများမှ မိမိတို့ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍တင်ပြရာ ဒေသခံများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာစာသင်ကျောင်းအတွက် အားကစားပစ္စည်းများ ချီးမြှင့်ပေးအပ်သည်။

ဥယျာဉ်ကျေးရွာသည် အိမ်ထောင်စု(၂၅၇)စု၊ လူဦးရေ(၁၀၂၀)ရှိပြီး၊ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြကြောင်း၊ ကျေးရွာ၏စိုက်ပျိုးနိုင်သော မြေဧရိယာမှာဧက(၉၈၀)ခန့် ရှိပြီး အခြားသီးနှံများကိုသာ စိုက်ပျိုးလျက်ရှိသော မိုးကောင်းသောက်ယာမြေများဖြစ်ကာ၊ အဆိုပါ ဥယျာဉ်ကျေးရွာအနီး ဥယျာဉ်ဆိုလာရေတင်စနစ်ဆောင်ရွက်ပြီးပါက စိုက်ပျိုးမြေဧက (၅၀၀)ခန့်အား ရေတင်ဆောင်ရွက်ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဘူး(စကု)မြို့နယ်၊ ကမ်းနီကျေးရွာ ရှေးဟောင်းဘုရားပြုပြင်ထိန်းသိမ်းမှုအားသွားရောက်ကြည့်ရှုခဲ့ရာ ဓမ္မသာလာအဆောင်၊ အုတ်ချပ်အရွယ်အစားနှင့် ဆင်းတုတော်တို့၏ လက်ရာများကို တွေ့ရှိရခြင်းအားဖြင့်ပုဂံခေတ်လက်ရာဖြစ်မည်ဟုခန့်မှန်းရသည့်အတွက် မိုးတွင်းကာလဖြစ်သည့်အလျောက် မိုးရွာပါက မိုးရေများ စိမ့်ဝင်ပြီးပြိုကျနိုင်သည့်အတွက် ရှေးမူမပျက်ပြန်လည်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအမြန်ဆုံးဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများမှာကြားခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)