ပွင့်ဖြူ နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ပွဲကို နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဦးစွာ ပွင့်ဖြူမြို့မရဲစခန်းမှ ဒုရဲအုပ်ဇော်မြင့်ဌေးက လူကုန်ကူးမှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းများ၊ လူကုန်းကူးခံရပါက တွေ့ကြုံရမည့်ဆိုးကျိုးများနှင့် အကူအညီရယူရန် ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့်အချက်များ၊ လူကုန်ကူးမှုနှင့်ပတ်သက်သောပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို ဆွေးနွေး ဟောပြောပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မော်မော်ဇင်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့် အရေးယူခံရနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုနိုင်ရန် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)