မင်းဘူး နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးတို့အတွက် ပုံပြောနှင့် စာစီစာကုံးပြိုင်ပွဲများကို ကျင်းပပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြင်ပစာပေများဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များရရှိကာ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုး၍ သုတ၊ ရသစသော ဗဟုသုတရရှိသော စာပေများကို ဖတ်ရှုခြင်းဖြင့် ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ ပုံပြော၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပုံပြောပြိုင်ပွဲနှင့် စာစီစာကုံပြိုင်ပွဲကို မင်းဘူးမြို့ အမှတ် (၃) ရပ်ကွက် မြောက်ရပ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး၊ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအပြီးတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မင်းဘူးခရိုင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်၊ မြောက်ရပ်မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းဦးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ပြန်/ဆက်)