မကွေးတိုင်းဒေသကြီး

ကံမမြို့ ရေပေးရေး သောက်သုံးရေကန်အား ဆေးကြောသန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား ရေဖြန့်ဝေသည့် မြို့နယ်စည်ပင်သာဘာရေးအဖွဲ့ ရေပေးရေးလုပ်ငန်း ရေဂါလံ(၆၂၀၀၀)ဆန့် သောက်သုံးရေကန်အား ဆေးကြောသန့်စင်ခြင်းကို ယနေ့နံနက် (၈)နာရီက ဆောင်ရွက်ခဲ့ကြသည်။

ဂန့်ဂေါမြို့၌ တက္ကသိုလ်ဝင်တန်းစာစစ်ဌာနဆောင်ရွက်မည့် အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)အား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနအဖြစ်အသုံးပြုမည့် ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ) စာသင်ကျောင်းအား မီးဘေးလုံခြုံရေးအတွက်စစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမြင့်ဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ရဲနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်ရုံးမှဝန်ထမ်းများက ယမန်နေ့နံနက် ၁၁ နာရီက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

နတ်မောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် နှစ်ဆုံးစာမေးပွဲများ ဖြေဆိုလျက်ရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲ KG အတန်းမှ G-12   ( Grade-9 Grade- 5 မပါ) စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်မှ ဖေဖော်ဝါရီ (၂၇)ရက်နေ့အတွင်း (တနင်္ဂနွေနေ့မပါ) စစ်ဆေးမည်ဖြစ်ရာ ယနေ့တွင် သင်္ချာဘာသာကို ဖြေဆိုလျက်ရှိသည်။

မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးတတ်မြောက်မှုစစ်​ဆေးခြင်း စာမေးပွဲ ဆက်လက်ဖြေဆို

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား/ကျောင်းသူများ၏ နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က စတင်၍ ဖြေဆိုရာ ယနေ့တွင် တတိယမြောက်နေ့အဖြစ် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်)နှစ်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆို

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူပေါင်း ၂၆၀၀၀ ကျော်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

အောင်လံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြ

မကွေးတိုင်းဒေသကြီး၊‌ အောင်လံခရိုင်၊ အောင်လံမြို့၌ မီးဘေးလုံခြုံစေရန်နှင့် မီဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရည်ရွယ်ချက်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး သရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အောင်လံမြို့၊ မြို့မဈေး၊ မြနန္ဒာဈေး၌ လက်တွေ့သရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးသည့် နေကြာ ၅၆၅၆ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးသည့် နေကြာသီးနှံ ၅၆၅၆ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ဂန့်ဂေါမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ကျပ် (၂၀၀၀၀/-)နှုန်းစီ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာလာသူ ပြည်သူများအား အမျိုးသားသယာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀/-)နှုန်းစီ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆိုလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ နှစ်ဆုံးစာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မီးဘေးသတိရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ညနေ ၅ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး