ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ နှစ်ဆုံးစာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများတွင် မူလတန်းအဆင့် ကျောင်းသား/သူ စာရင်းရှိ (၁၁၇၉၆) ဦး၊ ဖြေဆိုသူ (၁၁၇၈၄) ဦး၊ ပျက်ကွက် (၁၂) ဦး၊ အလယ်တန်းဆင့် ကျောင်းသား/သူ စာရင်းရှိ (၃၈၆၅) ဦး၊ ဖြေဆိုသူ (၃၈၄၅) ဦး၊ ပျက်ကွက် (၂) ဦး၊ Grade-10 ကျောင်းသား/သူ စာရင်းရှိ (၈၀၇) ဦး၊ ဖြေဆိုသူ (၈၀၅) ဦး၊ ပျက်ကွက် (၂) ဦး၊ Grade-11 စာရင်းရှိ (၅၁၉)ဦး၊ ဖြေဆိုသူ (၅၁၉) ဦး၊ Grade-12 စာရင်းရှိ (၃၂၆) ဦး၊ ဖြေဆိုသူ (၃၁၂) ဦး၊ ပျက်ကွက် (၁၄) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ Grade-5 နှင့် Grade-9 ကျောင်းသား/သူ များအား မတ်လ (၃) ရက်နေ့တွင် စတင်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေမှူးရုံးထံမှ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)