ဂန့်ဂေါ ဖေဖော်ဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနအဖြစ်အသုံးပြုမည့် ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ) စာသင်ကျောင်းအား မီးဘေးလုံခြုံရေးအတွက်စစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမြင့်ဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ရဲနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်ရုံးမှဝန်ထမ်းများက ယမန်နေ့နံနက် ၁၁ နာရီက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် တက္ကသိုလ်ဝင်တန်းစာစစ်ဌာနအဖြစ်ဆောင်ရွက်မည့် အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)စာသင်ကျောင်း၌ မီးသတ်ဆေးဘူးထားရှိမှုအခြေအနေများ၊ လျှပ်စစ်သွယ်တန်းသုံးစွဲမှုအခြေအနေများ၊ မီးသုံးစွဲမှုအခြေအနေများ၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ အသင့်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြကာ လိုအပ်သည်များအား လိုက်နာဆောင်ရွက်ထားရှိရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမြင့်ဝင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ရဲနိုင်တို့က အခြေခံပညာ အထက်တန်းကျောင်း(ဂန့်ဂေါ)မှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများအား အသိပေးလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်ဆက်)