နတ်မောက် ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲ KG အတန်းမှ G-12 ( Grade-9 Grade- 5 မပါ) စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်မှ ဖေဖော်ဝါရီ (၂၇)ရက်နေ့အတွင်း (တနင်္ဂနွေနေ့မပါ) စစ်ဆေးမည်ဖြစ်ရာ ယနေ့တွင် သင်္ချာဘာသာကို ဖြေဆိုလျက်ရှိသည်။
ထိုသို့ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲ နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အခြေခံပညာအထက်တန်း(ခွဲ)၊ အခြေခံပညာအလယ်တန်း၊ အခြေခံပညာအလယ်တန်း(ခွဲ)၊ အခြေခံပညာမူလတန်း၊ အခြေခံပညာမူလတန်းလွန်၊ အခြေခံပညာမူလတန်းကျောင်းစုစုပေါင်း (၂၁၂)တို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၉၄၁၈)ဦး ဖြေဆိုကြသဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၉)ရာနှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လှဝင်း