ဂန့်ဂေါ ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာလာသူ ပြည်သူများအား အမျိုးသားသယာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀/-)နှုန်းစီ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက ယာယီနေရပ်စွန့်ခွာပြည်သူများအား ငွေကျပ်(၂၀၀၀၀/-)နှုန်းစီ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာလာသူ ပြည်သူ(၉၉၁)ဦးအား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၉၈၂၀၀၀၀/-)ကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမြင့်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ယာယီနေရပ် စွန့်ခွာလာသူပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)