ကံမ ဖေဖော်ဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား ရေဖြန့်ဝေသည့် မြို့နယ်စည်ပင်သာဘာရေးအဖွဲ့ ရေပေးရေးလုပ်ငန်း ရေဂါလံ(၆၂၀၀၀)ဆန့် သောက်သုံးရေကန်အား ဆေးကြောသန့်စင်ခြင်းကို ယနေ့နံနက် (၈)နာရီက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာနှင့်ဝန်ထမ်းများက အဆိုပါ သောက်သုံးရေကန်အတွင်း အနည်ထိုင်တင်ရှိနေသည့် နုန်းမြေများအား ဆေးကြောသန့်စင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)