မြို့သစ် ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား/ကျောင်းသူများ၏ နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က စတင်၍ ဖြေဆိုရာ ယနေ့တွင် တတိယမြောက်နေ့အဖြစ် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း စုစုပေါင်း (၁၉၃)ကျောင်းတွင် အခြေခံပညာ မူလတန်းအဆင့် Grade-4တွင် ဖြေဆိုသူ (၃၅၅၁)ဦး၊ အခြေခံပညာအလယ်တန်းအဆင့် Grade-6 မှ Grade-8 တွင်ဖြေဆိုသူ (၅၉၇၄)ဦး၊ အခြေခံပညာအထက်တန်းအဆင့် Grade-10မှGrade-12 တွင် (၃၉၀၈)ဦး စုစုပေါင်းဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၃၄၃၃)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)