နတ်မောက် မတ် ၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လျှပ်စစ်ဦးစီးဌာနရုံးတွင် မီးဘေးလုံခြုံရေးနှင့်ကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အဆိုပါရုံတွင် ကျင်းပခဲ့သည်။
အဆိုပါ လက်တွေ့သရုပ်ပြမှုတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိက မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးအသုံးပြုပုံ နည်းလမ်းများ၊ မီးသတ်ဆေးဘူး၏ လုံခြုံရေးကြိုးဖြုတ်ခြင်း၊ မီးလောင်သည့်နေရာချိန်ခြင်း၊ ဆေးဖျန်းခလုတ်အားညှစ်၍ မီးလောင်သည့် အောင်ခြေအား တည့်မတ်စွာဖျန်းခြင်းများကို ဦးစွာမီးငြှိမ်းသတ်မှု သရုပ်ပြပြီး မြို့နယ်လျှပ်စစ်ဦးစီးဌာနရုံးရှိ ဝန်ထမ်းများအား မီးလောင်မှုပြုလုပ်ထားသည့်နေရာတွင် ရေစိုအဝတ်ဖြင့် ဖုံးအုပ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် ပတ်ဖျန်းခြင်းများကို မီးငြှိမ်းသတ်ခြင်း လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းသို့ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဦးစီးဌာနရှိ လျှပ်စစ်မန်နေဂျာနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း