နတ်မောက် ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် FDA စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ စားသောက်ကုန်ဆိုင်များအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဈေးကွက်နမူနာကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစစ်ဆေးခြင်းသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ FDA စားသုံးသူရေးရာဦးစီးဌာနတို့က FDA က တားမြစ်ပိတ်ပင်ထားသည့် စားသောက်ကုန်အချိုလွန်ကဲသည့် မုန့်များတွေ့ရှိပြီး FDA ဥပဒေဖြင့် သိမ်းဆည်းအရေးယူခြင်း၊ တားမြစ်ကုန်စည်များ ရောင်းချခြင်းမပြုရန်အသိပေးတားမြစ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များ ပြည့်စုံမှန်ကန်စွာပါရှိသော ကုန်စည်များအား ရွေးချယ်ဝယ်ယူရောင်းချရေးအသိပေးခြင်း၊ တားမြစ်ကုန်စည်နှင့် သက်တမ်းလွန်ကုန်စည်များရောင်းချမှုမရှိစေရေး စစ်ဆေးခြင်း၊ နမူနာကောက်ယူပြီး စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း