စလင်း မတ် ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ ၁၃၈၆ ခုနှစ်တပေါင်းလဆန်း(၃) ရက်၂၀၂၅ ခုနှစ်ယနေ့နံနက်ပိုင်းမှစတင်ကာ နေ့လည် (၁)နာရီအချိန်အထိ စေတနာရှင် ဆေးဝါးကျွမ်းကျင်ဆရာဝန်များနှင့်ပူးပေါင်းကာ ကျန်းမာရေးချို့တဲ့သူရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူ ပြည်သူများအား မတ်လပထမပတ်အဖြစ် ဆေးကုသပေးလျက်ကြောင်း သိရသည်။
စလင်းမြို့နယ် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုးကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းမှ အပတ်စဥ် စနေနေ့တိုင်း (အခမဲ့)စေတနာဆရာဝန်(၄)ဦးနှင့် တိုင်းရင်းဆေးဆရာ(၁)ဦး၊ ဆေးဝါးကျွမ်းကျင်သူစေတနာရှင်(၃၀)ဦးတို့မှစုပေါင်း၍ စလင်းမြို့နယ်အတွင်းနှင့် ရပ်ဝေးရပ်နီးမှကျန်းမာရေးချို့တဲ့သူ ဝေဒနာရှင်ပြည်သူများအား မတ်လပထမပတ် ဆေးကုသခြင်းကို မေတ္တာများဖြင့် (အခမဲ့)စမ်းသပ်စစ်ဆေးဆေး ကုသပေးခြင်း စားဆေးသောက်ဆေးများပေးဝေ၍ ဆေးကုသပေးလျက်ရှိရာ ဆေးကုသမှုခံယူသူ ကျန်းမာရေးချို့တဲ့သူ ဝေဒနာရှင်(၂၉၀)ကျော်အား စမ်းသပ်စစ်ဆေးဆေးကုသခြင်း အခမဲ့ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့်နာရေးကူညီမှုအသင်း စတင်တည်ထောင်သည့်နေ့မှစ၍ နှစ်စဥ်/လစဥ်ပြည်သူများမှ ထည့်ဝင်လှူဒါန်းလျက်ရှိရာ ယနေ့ မတ်လ(၁)ရက်နေ့အထိ ပြည်သူထည့် ငွေလှူဒါန်းမှုများဖြင့် ကုသပေးလျက်ရှိကြောင်း ဒို့မေတ္တာအခမဲ့ဆေးခန်းမှ သိရသည်။
(မောင်လွင်)စလင်း