မကွေးတိုင်းဒေသကြီး

မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ဆေးခတ်ခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မိုးဦးကျတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အဖွဲ့များက မင်းလှအခြေခံပညာကျောင်း၌ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့နံနက်(၈)နာရီခွဲက ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့ ပြည်သူ့ဆေးရုံကြီးတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေး စမ်းသပ် စစ်ဆေးကုသပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစမ်းသပ် စစ်ဆေးကုသပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးကုသပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေး ဆရာ၊ ဆရာမများက အငြိမ်းစားဝန်ထမ်းများအား အမည်စာရင်းကောက်ယူခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချိုသွေးတိုးစစ်ဆေးပေးခြင်းနှင့် နှလုံးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများကိုလည်း အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေး စစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစား ဝန်ထမ်းများအား အခမဲ့ စစ်ဆေးပေးလျက်ရှိပြီး ယနေ့ နံနက် (၉) နာရီက ခရိုင် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့ သမိုင်းဝင် ရှေးဟောင်းရွှေဘုံသာမိုးကောင်းစေတီတော် ဘုရားကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ကန်ကြီးရပ်ကွက်ရှိ သမိုင်းဝင်ရှေးဟောင်းရွှေဘုံသာ မိုးကောင်း စေတီတော်ဘုရားကြီးတွင် ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့ပေါ်ရှိ ပြည်သူများစုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပြည်သူများ ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့များပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက စျေးအနီးလမ်းဆုံနှင့် ဧရာဝတီမြစ်ကမ်းဘေး စျေးရောင်းစျေးဝယ်သူများထံသို့ သွားရောက်၍ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ လျှပ်စစ်မီးသုံးစွဲရာ၌ မီတာယူနစ်များမှန်ကန်စေရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးက မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်မီးသုံးစွဲရာ၌ မီတာယူနစ်များ မှန်ကန်မှုရှိစေရန်နှင့် မီတာပိုဖတ်/ လိုဖတ်ခြင်းများ မဖြစ်ပေါ်စေရန်အတွက် ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် အစုအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်၌ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ်သားရောင်းချသည့် ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ် ပြည်သူ့ဆေးရုံ၌ အမွှာမွေးမိခင်ထောက်ပံ့ခြင်းနှင့် ဆေးရုံအခြေပြုကိုဗစ်ကာကွယ်ဆေး ထိုးနှံ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ပြည်သူ့ဆေးရုံ၌ အမွှာမွေးမိခင်ထောက်ပံ့ခြင်းနှင့် ဆေးရုံအခြေပြု ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ယင်း‌ဆေးရုံပြုလုပ်ဆောင်ရွက်ခဲ့သည်။

သရက်မြို့၌ သဘာဝဘေး အသိပညာပေး ရေဘေးအသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  သဘာဝဘေး အသိပညာပေး ရေဘေးအသိပညာပေးလှုံ့ဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီက ရုံးရပ်ကွက် ၊ တောင်မင်းတည်းရပ်ကွက်နှင့် လေးတိုင်စင်ရပ်ကွက်တို့တွင် လိုက်လံနှိုးဆော်ခဲ့ကြသည်။

တောင်တွင်းကြီးမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စုများအလိုက် မေလ(၁၉)ရက်နေ့မှစတင်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး