ပခုက္ကူ ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး (၁၇)ကြိမ်မြောက် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာမအသွင်ဆန်း(ပခုက္ကူ)က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပခုက္ကူမြို့နယ် စာရေးဆရာအသင်းဝင် စာရေးဆရာမ မြမှူးသခင်က “အောင်မြင်မှုခရီးစဉ်အတွေ့အကြုံများ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့် မြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာဆရာမများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြန်လည်ဆွေးနွေးကြသည်။
ဆက်လက်၍ နိုင်ငံတော်အဆင့် ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ဖိတ်ခေါ်စာမူပြိုင်ပွဲတွင် “လက်တစ်ဆန့်မှာ သက်တံရောင်စဉ်ဖြာ”ဝတ္ထုတိုဖြင့် အထူးဆု(၁)ရရှိခဲ့သော စာရေးဆရာမမြမှူးသခင်အား ဂုဏ်ပြုဆုငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)