ဆိပ်ဖြူ ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ဆိပ်ဖြူ (အ.ထ.က)ကျောင်း၌ ပြုလုပ်သည်။
အဆိုပါလုပ်ငန်းကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာကြံ့ခိုင်၍ ပညာရည်ဖွံ့ဖြိုးတိုးတက်၍ ဘက်စုံထူးခွန်ထက်မြက်သော မျိုးဆက်သစ်များပေါ်ထွန်းလားစေရန်၊ မိမိတို့၏ အခြေခံပညာကျောင်းများမှတဆင့် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးတို့မှ နိုင်ငံနှင့်လူမျိုးဂုဏ်ဆောင်နိုင်သည့် မျိုးဆက်သစ်အားကစာသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးမျိုးအောင်က အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ဥမ္မာသင်းနှင့် အားကစားနည်းများက အားစားပြုလုပ်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများ၊ အားကစားနည်းများအလိုက် ရရှိနိုင်မည့် စွမ်းဆောင်ရည်များ၊ တစ်ဦးချင်းတစ်ယောက်ချင်းစီမှ ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုများရရှိကာ အချင်းချင်းစည်းလုံးညီညွတ်မှုရရှိခြင်း အခြေအနေများကို ရှင်းလင်းဟောပြော အသိပညာပေးခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)