ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပခုက္ကူ ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)မှ တာဝန်ခံပါမောက္ခ ဒေါက်တာသိန်းသန်းသွင်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပခုက္ကူ)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ရဲထွန်းမြတ်က ယာဉ်မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းများ၊ ယာဉ်စည်းလမ်း၊ လမ်းစည်းကမ်းဆိုင်ရာဥပဒေများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (ပခုက္ကူ)မှ ဒုတိယရဲအုပ် ဝင်းလှိုင်က လူကုန်ကူးမှုဖြစ်စဉ်များနှင့် လူကုန်ကူးမှုပုံစံများ၊ ပြည်ပနိုင်ငံများတွင် တရားမဝင်သွားရောက်လုပ်ကိုင်ရသည့် အလုပ်အကိုင်အမျိုးအစားများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆောင်ရွက်ရမည့်နည်းလမ်းများအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းဟောပြောကြသည်။

အဆိုပါဟောပြောပွဲတွင် ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)မှ တာဝန်ခံပါမောက္ခ ဒေါက်တာသိန်းသန်းသွင်နှင့် ဆရာ ဆရာမများ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသားကျောင်းသူများ တက်ရောက်ကြပြီး ဟောပြောမှုအပေါ် သိရှိလိုသည်များ မေးမြန်းကာ ပြန်လည်ဆွေးနွေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)