ချောက်မြို့နယ်ပညာရေးမှူးဖလား အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

ချောက် ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ‌ကို မျိုးဆက်သစ်လူငယ်အားကစားသမားပေါ်ထွက်လာစေရန်၊ ဝန်ကြီးချုပ်ဖလားဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြို့နယ်အဆင့်‌ဘော လုံးလက်ရွေးစင်ကစားသမားပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပခဲ့ရာ ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ယှဉ်ပြိုင်ကစားခဲ့ရာ အ.ထ.က(စလေ)အသင်းမှ အ.ထ.က (၂) ချောက်အသင်းအား သုံးဂိုးပြတ်ဖြင့် အနိုင်ရခဲ့‌ကြောင်း သိရသည်။

အဆိုပါအားကစားပြိုင်ပွဲတွင် ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၉)ကျောင်းမှ ကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ‌ ပထမ၊ ဒုတိယဆုရရှိသူများနှင့် အ‌ကောင်းဆုံးအားကစားသမားဆုရရှိသူများကို မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်နှင့် တာဝန်ရှိသူများက ဆုငွေ၊ ဆုတံဆိပ်၊ ဆုဖလားများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါဘောလုံးပြိုင်ပွဲတွင် အကောင်းဆုံးဘောလုံးသမားဆုကို အ.ထ.က(ခွဲ)ထိန်ကန်မှ မောင်သက်ဇော်မျိုးကလည်းကောင်း၊ အကောင်းဆုံး‌ရှေ့တန်းကစားသမားဆုကို အ.ထ.က (စလေ)မှ မောင်ဝင်းမင်းထွန်းကလည်းကောင်း၊ အကောင်းဆုံး‌အလယ်တန်းကစားသမားဆုကို အ.ထ.က(၂)ချောက်မှ မောင် ရှိန်ဘုန်းမြင့်မြတ်ကလည်းကောင်း၊ အကောင်းဆုံး‌ နောက်တန်း ကစားသမားဆုကိုအ.ထ.က(စလေ) မှ မောင်ဇေဇေဖြိုးကျော် ကလည်းကောင်း၊ အကောင်းဆုံး‌ ဂိုးသမားဆုကို အ.ထ.က(စလေ)မှ မောင်ရန်နိုင်ထွန်းကလည်းကောင်း၊ အ‌ကောင်းဆုံး လူငယ်ကစားသမားဆုကို အ.လ.က(ခွဲ)စလေမှ‌ မောင်ထက်ကျော်ကောင်းတို့ကလည်း‌ကောင်း ရရှိခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)