နတ်မောက်မြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

နတ်မောက် ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သင်းသင်းဝေ(ဒုတိယဦးစီးမှူး)က ကျောင်းသာ/သူလူငယ်များ နေ့ကြီးရက်ကြီးများအား အစဉ်အောင်းမေ့သတိရစေရန်၊  အသိပညာဗဟုသုတများတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးစေရန် စာဖတ်စွမ်းရည်တိုးတက်စေရေး၊ နှုတ်မှုစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိမိရုံးရှိ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍  မြို့နယ်အဆင့်ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး ဒိုင်အဖွဲ့ဝင်တစ်ဦးက သတ်မှတ်ထားသည့် ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာပြိုင်ပွဲဝင်  မူလတန်းဆင့် ကျောင်းသား/သူများက မိမိကြိုက်နှစ်သက်သည့် ကဗျာခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသူများအား မြို့နယ်ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဇူလိုင်လ(၁၈)နေ့၌ ကျင်းပမည့် (၇၈)ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်သည်။  အဆိုပါပြိုင်ပွဲသို့ နတ်မောက်မြို့နယ်အတွင်းရှိ  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)၊ အခြေခံပညာအလယ်တန်းကျောင်း (တမာပင်)၊ အခြေခံပညာမူတန်းကျောင်း(ဈေး)နှင့် အခြေခံပညာမူလတန်းကျောင်း(ကန်ကြီး)ကျောင်းများမှ မူလတန်းဆင့် ကျောင်းသား/သူများ ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

မူမူစန်း