စစ်ကိုင်းတိုင်းဒေသကြီး

ကလေးဝမြို့တွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် One Stop Service (OSS) ရုံးဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ရေး အတွက် One Stop Service (OSS) ရုံးကို နိုဝင်ဘာ ၂၁ ရက်နေ့နံနက်က စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်။

မင်းကင်းမြို့တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ ရပ်ကျေးကော်/ခွဲများ လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်  မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ ရပ်ကျေးကော်/ခွဲများအား လုပ်ငန်းခွင်အကြိုသင်တန်းကို ယနေ့ နံနက် ၉နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ စကားဝါခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

ဟုမ္မလင်းမြို့တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအနေဖြင့်တာဝန်ထမ်းဆောင်ရာတွင် အဆင်ပြေ ချောမွေ့စေရန်နှင့် တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်နိုင်စေရန်  မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန် သင်တန်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဟုမ္မလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ခန္တီးမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းများပြည့်စုံမှန်ကန်မှုရှိစေရန် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် နိုဝင်ဘာလ(၂၁)ရက်နေ့မှ ဒီဇင်ဘာလ(၄)ရက်နေ့ အထိ(၁၄)ရက်ကြာ ကပ်ထားကြေညာမည်ဖြစ်သည်။

ကျွန်းလှမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာထားမှု တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာထားမှုကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဌာနဆိုင်ရာများ၊ မြို့မမြို့ဖများ၊ နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံပွဲ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဌာနဆိုင်ရာများ၊ မြို့မမြို့ဖများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။

ကသာမြို့တွင် မဲရုံမှူး၊ ဒုမဲရုံမှူး ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒသကြီး၊ ကသာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူးဖွင့်လှစ်သည့် မဲရုံမှူး၊ ဒုမဲရုံမှူး ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းမြို့တွင် ဒုတိယအကြိမ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကြေညာ

စစ်ကိုင်းမြို့၌ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် နိုဝင်ဘာ ၂၁ ရက်နေ့မှစတင်၍ ဒုတိယအကြိမ် ကြေညာထားကြောင်း သိရသည်။

မင်းကင်းမြို့တွင် ဒုတိယအကြိမ်၊ မဲဆန္ဒရှင်စာရင်း ကြေငြာထားရှိမှုများအား လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင်၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်

ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာခြင်းနှင့် ရွေ့လျားမော်တော်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်အသိပေး

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အပိုင်း(၂)တွင် ကျင်းပမည်ဖြစ်ရာ မဲဆန္ဒရှင် အမည်စာရင်းများကို ယနေ့နို၀င်ဘာ ၂၁ ရက်နေ့တွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ကပ်ထားကြေညာပေးထားပြီးဖြစ်ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး