ဟုမ္မလင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဟုမ္မလင်း ဇွန် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စိတ်ကြိုက်ပန်းပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ဟုမ္မလင်းမြို့နယ်၊ ဟင်နောင်အုပ်စု၊ အထက(ခွဲ)ဟင်နောင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဧဆက်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအားဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာ၊ ဗဟုသုတများပြည့်စုံစေရန်၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်အတွက် စာအုပ်၊ စာစောင်များကိုလေ့လာဖတ်ရှုကြရေး၊ ငယ်စဉ်ကပင် စာဖတ်သည့် အလေ့အကျင့်ကောင်းများကို ပျိုးထောင်ကြရေး၊ အနာဂတ်တွင် နိုင်ငံတော်က အားထားရသည့် မျိုးဆက်သစ်လူငယ်လေးများ ဖြစ်လာစေရေးစသည့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပြီး၊ ဟုမ္မလင်း​မြို့နယ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အမှတ်၊ ခေတ္တတပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်အောင်က မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးခဲ့၍ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးစီးမှူး ဦးထွန်းထွန်းနိုင်က ရေဘေးအန္တရာယ်ဆိုင်ရာနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက အ.ထ.က(ခွဲ) ဟင်နောင်ကျောင်းစာကြည့်တိုက်နှင့် ဟူနောင်ရွာရှိ၊ (လမင်းသာ)စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်းပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံယူခဲ့ကြသည်။

ယင်းအသိပညာပေးဟောပြောပွဲတွင် ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်စာစောင်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ လေပြင်းဘေး၊ ငလျင်ဘေး၊ မီးဘေး၊ ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များခင်းကျင်းပြသခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်မူးယစ်တပ်ဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ လူငယ်ရေးရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့အမှတ်၊ ခေတ္တတပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်အောင်၊၊ မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီဌာန၊ မြို့နယ်တာဝန်ခံဦးစီးမှူး ဦးထွန်းထွန်းနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ပြုလုပ်ခဲ့ရာ အထက်တန်းဆင့် (၂၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲသို့ ပထမ၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုရရှိ​သော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဧဆက်၊ မြို့နယ်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အမှတ်၊ ခေတ္တတပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်အောင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်သန္တာလွင်တို့က ဆုများ​ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)