ရွှေဘို၊ ဇွန် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းဆင်းပွဲအခမ်းအနားကို ယမန့်နေ့က ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ရွှေဘိုခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေးနွေးလင်းမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီးနောက် သင်တန်းတွင်ထူးချွန်သင်တန်းသား၊ သင်တန်းသူများအား ဆုများချီးမြှင့် ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စောလပြည့်ဝင်းက ဇွန်လ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့ထိ (၃) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၇၀) ဦး တက်ရောက်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)