ခန္တီးမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း‌ကျောင်း၌ သတင်းအမှား/အမှန် ခွဲခြမ်းစိတ်ဖြာနည်း အသိပညာပေးဟောပြောပွဲပြုလုပ်

ခန္တီး ဇွန် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း‌ကျောင်းတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က သတင်းအမှား/ အမှန် ခွဲခြမ်းစိတ်ဖြာနည်း အသိပညာပေးဟောပြောပွဲပြုလုပ်ရာ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၇) တက်ရောက်‌နေသည့် သင်တန်းသူ (၂၀) ဦးနှင့် နည်းပြဆရာမများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲတွင် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က သတင်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်ပတ်သက်၍လည်းကောင်း၊ သတင်းသမားများ၏ ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ လည်းကောင်း၊ သတင်းအမှား/အမှန် ခွဲခြမ်းစိတ်ဖြာနည်းများနှင့်ပတ်သက်၍လည်းကောင်း၊ သတင်းမှားများအပေါ် ပြန်လည်တုံ့ပြန်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်လာကြသည့် သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဆွေးနွေးဟောပြောသူ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

ကမ်းကီး(ပြန်/ဆက်)