စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းမြို့တွင် အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကြွေပြားကပ်လုပ်သား အဆင့် (၁) သင်တန်းနှင့် ပိုက်ဆက်လုပ်သား အဆင့် (၁) သင်တန်းဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ မွန်းလွဲ ၃ နာရီက စစ်ကိုင်းမြို့ မြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသားများ တက်ရောက်ကြသည်။

အရာတော်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံမှူး၊ ဒု-မဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံမှူး၊ ဒု-မဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့တွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ရေးအတွက် One Stop Service (OSS) ရုံးဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ မင်းကင်းမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ရေးအတွက် One Stop Service (OSS) ရုံးကို နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် e-Government လူ့ စွမ်းအားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၃)ဖွင့်ပွဲ ဆင်းပွဲ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် e-Government လူ့စွမ်းအားအရင်းအမြစ် အရည် အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၃) ဆင်းပွဲအခမ်းအနားသို့ နိုဝင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး လုပ် ငန်းကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုး ရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္က သိုလ်(မုံရွာ)မှ ပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများ တက် ရောက်ကြသည်။

ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို ချောင်းရေ၊ မြောင်းရေ၊ မြေအောက်ရေတင်ပြီးစိုက်ပျိုးကြရာ တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။

ကလေးဝမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် နိုဝင်ဘာ ၂၁ ရက်နေ့မှစတင်၍ မြို့ပေါ် (၃) ရပ်ကွက်ရှိ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့် ခြင်းအခမ်းအနား တက်ရောက်ခြင်းနှင့် ဟုမ္မလင်းမြို့၊ ၂၀၂၅-ခုနှစ်၊ ပါတီစုဒီမိုပရေစီအထွေထွေရွေးကောက်ပွဲ ဒုတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာထားရှိမှုများအား လိုက်လံကြည့်ရှု

မြစ်ချောင်းများအတွင်း ငါးသယံဇာတပေါများစေရေးနှင့် ပြည်သူများ ငါးစားသုံးမှုဖူလုံစေရန်အတွက် နိုဝင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းတွင် ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ဟုမ္မလင်းမြို့တွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစေင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများနှင့် မြို့နေပြည်သူများ တက်ရောက်ကြသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထန်ပါခွေမြို့၌ သီးနှံမျိုးစေ့ပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် (ဒုတိယ) အကြိမ် သီးနှံမျိုးစေ့ပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က အသင်းတော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်‌ခဲ့‌ကြောင်းသိရသည်။

ရွှေဘိုမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာ ၂၁ ရက်မှ စတင်၍ ဒုတိယအကြိမ်ကပ်ထားကြေညာထားကြောင်းသိရသည်။

စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ်၊ စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က စစ်ကိုင်းမြို့ နှစ်(၇၀၀)ကွင်း၊  ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး