ဖောင်းပြင် ဇွန် ၁၈
နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်သည့် အခွင့်အရေးမဆုံးရှုံးစေရေးအတွက် Placement Test(အထူးအစီအစဉ်)ဖြင့် Gradde-1 မှ Gradde-8 အဆင့် ကျောင်းသား၊ ကျောင်းသူများအား အတန်းတင်စာမေးပွဲကို ကျင်းပဖြေဆိုစေခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် Placement Test(အထူးအစီအစဉ်)ဖြင့် စာမေးပွဲကို အ-ထ-က (ဖောင်းပြင်)ကျောင်း၌ ဇွန် ၁၅ ရက်နေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပဖြေဆိုခဲ့ပြီး မြန်မာစာ ဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုခဲ့ကြောင်းသည်။
ထိုသို့ဖြေဆိုရာ Gradde-1 အတန်းတွင် စာရင်းရှိ ၁၉ ဦးရှိပြီး ဖြေဆိုသူ ၁၉ ဦးရှိကြောင်း၊ Gradde-2 အတန်းတွင် စာရင်းရှိ ၃၇ ဦးရှိပြီး ဖြေဆိုသူ ၃၇ ဦးရှိကြောင်း၊ Gradde-3 အတန်းတွင် စာရင်းရှိ ၂၉ ဦးရှိပြီး ဖြေဆိုသူ ၂၉ ဦးရှိကြောင်း၊ Gradde-4 အတန်းတွင် စာရင်းရှိ ၃၄ ဦးရှိပြီး ဖြေဆိုသူ ၃၃ ဦးရှိကြောင်း၊ Gradde-5 အတန်းတွင် စာရင်းရှိ ၂၇ ဦးရှိပြီး ဖြေဆိုသူ ၂၆ ဦးရှိကြောင်း၊ Gradde-6 အတန်းတွင် စာရင်းရှိ ၁၈ ဦးရှိပြီး ဖြေဆိုသူ ၁၈ ဦးရှိကြောင်း၊ Gradde-7 အတန်းတွင် စာရင်းရှိ ၁၉ ဦးရှိပြီး ဖြေဆိုသူ ၁၉ ဦးရှိကြောင်း၊ Gradde-8 အတန်းတွင် စာရင်းရှိ ၇ ဦးရှိပြီး ဖြေဆိုသူ ၆ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)