မော်လိုက်မြို့‌၌ အမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများနှင့် ယဉ်ကျေးမှုဓလေ့များ‌‌ အသိပညာပေးဟောပြောပွဲကျင်းပ

မော်လိုက် ဇွန် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ အမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများနှင့်ယဉ်ကျေးမှုဓလေ့များ‌ ‌အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ကျော့ကေခိုင်က မြန်မာအမျိုးသမီးများ၏ အဝတ်အစား ဆင်ယင်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ကြည်က မြန်မာအမျိုးသမီးများ၏ ယဉ်ကျေးမှုဓလေ့များနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်/ဆက်ဦးစီးဌာနမှ “ကလေးအလုပ်သမားပ‌ပျာက်ရေး”ခေါင်းစဉ်ဖြင့်ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)