ပဲခူးတိုင်းဒေသကြီး

ပေါက်ခေါင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (ပေါက်ခေါင်း) စာစစ်ဌာနတွင် စတင်ဖြေဆိုလျက်ရှိသည်။

နတ်တလင်းမြို့၌ သန့်ရှင်းသော ကမ္ဘာမြေကြီးဖြစ်ဖို့ စနစ်တကျအမှိုက်စွန့်ပစ်စို့ ခေါင်းစဥ်ဖြင့် ဟောပြောပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ သာယာဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သန့်ရှင်းသော ကမ္ဘာမြေကြီးဖြစ်ဖို့ စနစ်တကျအမှိုက်စွန့်ပစ်စို့ ခေါင်းစဥ်ဖြင့်ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက မြို့မစည်ပင်သာယာစျေး၌ ဆောင်ရွက်ခဲ့သည်။

လက်ပံတန်းမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲများ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို စာစစ်ဌာန (၄) ခု၌ ယနေ့နံနက် (၉) နာရီအချိန်က ကျောင်းသား/ကျောင်းသူများ စတင်ဖြေဆိုခဲ့ကြသည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆို

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ (၁၇) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ​ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခုတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို  ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ စာစစ်ဌာန(၂)ခု၌  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိသည်။

မိုးညိုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို စာစစ်ဌာန (၅) ခုတွင် စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီမှ စတင်၍ စာစစ်ဌာန (၅) ခုတွင် ကျင်းပလျက်ရှိရာ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၆) ခုတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ စာစစ်ဌာန (၆) ခုတွင် ယနေ့နံနက် (၉) နာရီအချိန်က စတင်၍ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ ဖြေဆိုလျက်ရှိရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ လိုအပ်သည်များကို ပူး‌ပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်မြို့နယ်ရှိ စာစစ်ဌာန ၅ ခု၌  မြို့နယ်ချုပ် ၉၅ ဒသမ ၆၅ ရာခိုင်နှုန်းဝင်ရောက်ဖြေဆို

ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိ‌သော ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်မြို့နယ်ရှိ စာစစ်ဌာန ၅ ခု၌  ကျောင်းသား၊ ကျောင်းသူစုစုပေါင်းစာရင်းရှိ ၁၆၃၂ ဦးအနက် ၁၅၆၈ ဦး ဝင်ရောက်ဖြေဆို၍ မြို့နယ်ချုပ်ဖြေဆိုမှုရာခိုင်နှုန်း ၉၅ ဒသမ ၆၅ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နတ်တလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို စာစစ်ဌာန (၂) ခု၌ ယနေ့နံနက် (၉) နာရီအချိန်က ကျောင်းသား/ကျောင်းသူများ စတင်ဖြေဆိုခဲ့ကြသည်။

ကဝမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် (၉) နာရီက အ.ထ.က(ကဝ) စာစစ်ဌာနနှင့် အ.ထ.က (အုန်းနှဲ) စာစစ်ဌာနတို့တွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး