ပန်းတောင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၆) ခုတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိ

ပန်းတောင်း မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ စာစစ်ဌာန (၆) ခုတွင် ယနေ့နံနက် (၉) နာရီအချိန်က စတင်၍ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ ဖြေဆိုလျက်ရှိရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ လိုအပ်သည်များကို ပူး‌ပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၆) ခုဖြစ်သည့် အ.ထ.က (ပန်းတောင်း)၊ အ.ထ.က (ဆင်တဲ)၊ အ.ထ.က (ရှားဖြူကွင်း)၊ အ.ထ.က ဂုံညှင်းတန်း၊ အ.ထ.က (ဥသျှစ်ပင်)၊ အ.ထ.က (ထုံးဘို) စာစစ်ဌာနတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် ကျောင်းတွင်းနှင့် ပြင်ပဖြေဆိုရန် စုစုပေါင်းကျောင်းသား/ကျောင်းသူ (၉၁၈) ဦး စာရင်းပေးသွင်းခဲ့ရာ ယနေ့ဖြေဆိုသူ (၈၇၀) ဦး၊ ပျက်ကွက်သူဦးရေ (၄၈) ဦးရှိခဲ့သည်။

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိသည့် ကျောင်းများသို့ ပဲခူးတိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းချွန်နှင့် အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကျော်သီဟ၊ မြို့နယ်ပညာရေးမှူးတို့မှ လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)