သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆို

သဲကုန်း မတ် ၁၇

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ (၁၇) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ​ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခုတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် စာစစ်ဌာန (၄) ခုရှိ၍ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ရှိသူ အတွင်းအပြင်စုစုပေါင်း (၈၀၁) ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ​ ကျောင်းသား (၃၃၃) ဦး၊ ကျောင်းသူ (၄၃၁) ဦး ဖြေဆိုသူ စုစုပေါင်း (၇၆၄) ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၃၆) ဦး၊ ဖြေဆိုမှု (၉၅.၅၀) ရာခိုင်နှုန်းရှိပြီး ပျက်ကွက်မှု (၄.၅၀) ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သဲကုန်းမြို့နယ်အတွင်းရှိ စစ်ဌာန (၄) ခုတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့်အဖွဲ့ဝင်များ၊ ​မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

​မြို့နယ်(ပြန်/ဆက်)