ပေါက်ခေါင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာ စတင်ဖြေဆို

ပေါက်ခေါင်း မတ် ၁၇

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (ပေါက်ခေါင်း) စာစစ်ဌာနတွင် စတင်ဖြေဆိုလျက်ရှိသည်။

ပေါက်ခေါင်းမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း (၈) ကျောင်း၊ အထက်တန်းကျောင်း (ခွဲ) (၁) ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၁) ကျောင်း၊ စုစုပေါင်း (၁၀) ကျောင်းရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (ပေါက်ခေါင်း) စာစစ်ဌာနတစ်ခုတည်း၌ ဖြေဆိုကြရပြီး ယနေ့မြန်မာစာဘာသာရပ်ကို ကျောင်းသား (၂၀၂) ဦး၊ ကျောင်းသူ (၂၇၉) ဦး၊ စုစု‌ပေါင်း (၄၈၁) ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားခဲ့ရာ‌ ကျောင်းသား (၁၆) ဦးနှင့် ကျောင်းသူ (၂) ဦး၊ စုစု‌ပေါင်း (၁၈) ဦး ပျက်ကွက်ခဲ့သည်။ စာမေးပွဲဝင်ရောက်ဖြေဆိုဝင်ရောက်ဖြေဆိုသူရာခိုင်နှုန်းမှာ ၉၆ ဒဿမ ၂၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံ‌ရေးတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ရှိကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)