ဇီးကုန်း မတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ စာစစ်ဌာန(၂)ခု၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
ယနေ့စတင်ဖြေဆိုသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ဇီးကုန်းမြို့နယ်၌ အ.ထ.က(ဇီးကုန်း)စာစစ်ဌာနတွင် ၄၇၇ ဦး၊ အ.ထ.က(လေးမျက်နှာ)စာစစ်ဌာနတွင် ၁၀၂ ဦး စတင်ဖြေဆိုလျက်ရှိရာ စုစုပေါင်း(၅၇၉)ဦးတို့ ဝင်ရောက်ဖြေဆိုကာ ပျက်ကွက်ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၂၅)ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၉၅ ဒသမ ၈၆ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇီးကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာ စာစစ်ဌာနများ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့၏ဦးဆောင်မှုဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကြပ်ရေးကော်မတီများဖွဲ့စည်း၍ ဌာနဆိုင်ရာအဖွဲ့များက သက်ဆိုင်ရာစာစစ်ဌာနအလိုက် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)