မိုးညိုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို စာစစ်ဌာန (၅) ခုတွင် စတင်ဖြေဆို

မိုးညို မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီမှ စတင်၍ စာစစ်ဌာန (၅) ခုတွင် ကျင်းပလျက်ရှိရာ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၇ ရက်နေ့ မှ ၂၂ ရက်‌နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တစ်နေ့လျှင်တစ်ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျင် (၃) နာရီကြာဖြေဆိုသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ စာစစ်ဌာန (၅) ခုဖြစ်သည့် အ.ထ.က (မိုးညို) တွင် ကျောင်းသား/သူ (၁၈၅) ဦး၊ အ.ထ.က (ထိန်တော) တွင် ကျောင်းသား/သူ (၁၀၆) ဦး၊ အ.ထ.က (ရေကင်း) တွင် ကျောင်းသား/သူ (၇၇) ဦး၊ အ.ထ.က (ပတ္တော်) တွင် ကျောင်းသား/သူ (၁၃၇) ဦး၊ အ.ထ.က (ဆင်မနိုင်) တွင် ကျောင်းသား/‌သူ (၈၀) ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၅၉၅) ဦး၊ ဖြေဆိုရာခိုင်နှုန်း ၉၂ ဒသမ ၃၉ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါစာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာ‌ရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)