ပြည် မတ် ၁၇
ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိသော ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်မြို့နယ်ရှိ စာစစ်ဌာန ၅ ခု၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်းစာရင်းရှိ ၁၆၃၂ ဦးအနက် ၁၅၆၈ ဦး ဝင်ရောက်ဖြေဆို၍ မြို့နယ်ချုပ်ဖြေဆိုမှုရာခိုင်နှုန်း ၉၅ ဒသမ ၆၅ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပြည်မြို့နယ်တွင် အ.ထ.က(၁)၊ အ.ထ.က(၄)၊ အ.ထ.က(၅)၊ အ.ထ.က(ဝက်ထီးကန်)နှင့် အ.ထ.က(ပေါင်းတလည်)အစရှိသည့် စာစစ်ဌာန ၅ ခုဖွင့်လှစ်ထားရှိပြီး ယနေ့တွင် ယင်းစာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ၏ မြန်မာစာဘာသာရပ် စတင်ဖြေဆိုနေမှုအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ်၊တိုင်းခွဲပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများမှ အဖွဲ့ဖြင့် လိုက်လံကြည့်ရှုအားပေးလျက်ရှိသည်။
အဆိုပါစာစစ်ဌာန ၅ ခု၌ ကျောင်းသား၊ ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပလကဖအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင် မိဘဆရာအသင်းတာဝန်ရှိသူများအဖွဲ့က သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)