ပဲခူးတိုင်းဒေသကြီး

ရေတာရှည်မြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က စတင်ဖြေဆိုခဲ့ကြသည်။

ပဲခူးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲမြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၂၀၇၂)ဦး ဝင်ရောက်ဖြေဆို

ပဲခူးမြို့နယ်၌ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် ဖြေဆိုလျက်ရှိရာ ယနေ့တွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၂၀၇၂)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို မတ်လ ၁၇ ရက် နံနက် ၉ နာရီအချိန်က စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

​​​​​ဖြူးမြို့နယ်တွင် အခြေခံပန်းချီသင်တန်းဖွင့်လှစ်၍ သင်ကြားတတ်မြောက်ဆန်းစစ်မှုအနေဖြင့် ပြိုင်ပွဲပြုလုပ်

ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် ပန်းချီပညာကို အခြေခံမှစတင်ကာ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီဝါသနာအိုးများအဖွဲ့တို့ ပူးပေါင်း၍ အခြေခံပန်းချီသင်တန်းကို ဖွင့်လှစ်သင်ကြားပေးပြီး သင်ကြားတတ်မြောက်ဆန်းစစ်မှုအနေဖြင့် ပြိုင်ပွဲနှင့် ထူးချွန်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် Community Centre ခန်းမ၌ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းတည့် (၁၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

သာယာဝတီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လာ‌ရောက်ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသော ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် တာဝန်ရှိသူများ၊ သာယာဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ် နွေစပါးစိုက်ပျိုးမှု အောင်မြင်စွာ ပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ် နွေစပါးသီးနှံ စိုက်ပျိုးမှုကို မတ်လဒုတိယပတ်အတွင်း အောင်မြင်စွာ စိုက်ပျိုးပြီးစီးခဲ့​ပြီဖြစ်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

မင်းလှမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကျင်းပမည့် စာစစ်ဌာနများအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကျင်းပမည့် အ.ထ.ကမင်းလှ(မြို့ပြင်)စာစစ်ဌာနနှင့် အ.ထ.က(စစ်ကွင်း)စာစစ်ဌာနများအား တည်ငြိမ်အေးချမ်းအောင်မြင်စွာဖြေဆိုနိုင်ရန်အတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် တာဝန်ရှိအဖွဲ့က လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို မည့်စာစစ်ဌာနများ၌ပြင်ဆင်ထားရှိမှုအ ခြေအနေအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအေးချမ်း စွာဖြေဆိုနိုင်ရေးအတွက် ရေတာရှည်မြို့ နယ်ရှိစာစစ်ဌာန (၆) ခုတွင် ပြင်ဆင်ထား ရှိမှုအခြေအနေများအား ယနေ့နံနက် ၈ နာရီအချိန်ကမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ထန်းတပင်မြို့နယ်၌ ဓမ္မစကူးလ်သင်တန်းဆက်လက်သင်ကြားလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မဟာဝိသုတာရာမကျောင်းကြီးတိုက်အတွင်း၌ နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုကြစေရန် ဗုဒ္ဓ၏တရားတော်များနှင့် အညီနေထိုင်တတ်စေရန် ကိုယ် ၊ စိတ် ၊ နှလုံးသိမ်မွေ့စေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဌာနနှင့် ဓမ္မစကူးလ်တို့ပူးပေါင်း၍ ယမန်နေ့နံနက် ၈ နာရီ အချိန်က  ဓမ္မစကူးလ်သင်တန်းကို ဆက်လက်သင်ကြားလျက်ရှိသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး