နတ်တလင်းမြို့၌ သန့်ရှင်းသော ကမ္ဘာမြေကြီးဖြစ်ဖို့ စနစ်တကျအမှိုက်စွန့်ပစ်စို့ ခေါင်းစဥ်ဖြင့် ဟောပြောပွဲ ပြုလုပ်

နတ်တလင်း မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ သာယာဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သန့်ရှင်းသော ကမ္ဘာမြေကြီးဖြစ်ဖို့ စနစ်တကျအမှိုက်စွန့်ပစ်စို့ ခေါင်းစဥ်ဖြင့်ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက မြို့မစည်ပင်သာယာစျေး၌ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် သာယာဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်သန္တာဖွေးက မြို့တော်ဧရိယာမှ ထွက်ရှိသည့် စွန့်ပစ်အမှိုက်၊ စက်မှုလုပ်ငန်းများမှ စွန့်ပစ်အမှိုက်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ စွန့်ပစ်အမှိုက်၊ ဘေးအန္တရာယ်ဖြစ်စေသည့် ဓာတုပစ္စည်းစွန့်ပစ်အမှိုက်စသည့် အဓိကအမှိုက်အမျိုးအစားများအကြောင်း၊ ပလတ်စတစ်အကြောင်း၊ ပလတ်စတစ်နှင့် စွန့်ပစ်အမှိုက်ဆိုးကျိုးများ၊ ဖြေရှင်ရန်နည်းလမ်းများ၊ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းအကြောင်းတို့ကို ဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ သာယာဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုမြတ်သန္တာဖွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအေးကျော်နှင့် ဝန်ထမ်းများ၊ စျေးသူစျေးသားများ တက်ရောက်ခဲ့ပြီး မြို့မစျေးအတွင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)