ပဲခူးတိုင်းဒေသကြီး

ပန်းတောင်းမြို့နယ်တွင် မြို့နယ်အဆင့် (လယ်/မူ) ဆရာ/ ဆရာမများအား ဘာသာရပ်မွမ်းမံသင်တန်းဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်းစနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်စေရန်၊ သတ်မှတ်ထားသော စံညွှန်းကိန်းများကို တတ်ကျွမ်းနားလည်တတ်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းသင် ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပန်းတောင်းမြို့နယ်အတွင်းရှိ အ.ထ.က ကျောင်းနှင့် အ.မ.က (လွန်) ကျောင်းများတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် အခြေခံပညာမူလတန်း/ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်

ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်း/ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ/ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (ပေါက်ခေါင်း) ရွှေရတု ခန်းမ၌ ကျင်းပခဲ့သည်။

အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အဓိကမကူးစက်နိုင်သောရောဂါများ၊ နှလုံးနှင့် နှလုံးသွေးကြောရောဂါကာကွယ်ခြင်းနှင့် အခြေခံကုထုံးလမ်းညွှန်    တိုင်းဒေသကြီးအဆင့်ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မတ်လ(၂၃)ရက်နေ့က အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အဓိကမကူးစက်နိုင်သောရောဂါများ၊ နှလုံးနှင့် နှလုံးသွေးကြောရောဂါကာကွယ်ခြင်းနှင့် အခြေခံကုထုံးလမ်းညွှန် တိုင်းဒေသကြီးအဆင့် ဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး)ဒေါက်တာကျော်ကံကောင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဝေါမြို့နယ်တွင် မူလတန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် မြို့နယ်အဆင့်အခြေခံပညာမူလတန်းနှင့် အလယ်တန်းတို့တွင် သင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း(ဝေါ)ရှိသီရိဇေယျာခန်းမ၌ ကျင်းပပြုလုပ်သည်။

ပဲခူးတိုင်းဒေသကြီး ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း(Dip.EP) အမှတ်စဉ်(၁/၂ဝ၂၅)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း(Dip.EP) အမှတ်စဉ်(၁/၂ဝ၂၅)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် တက်ရောက်ခဲ့သည်။

ကြို့ပင်ကောက်မြို့၌ နွေရာသီအခြေခံအားကစားနည်းသင်တန်းများ လေ့ကျင့်သင်ကြားပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သင်ကြားသော နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်မီတာ ၄၀၀ အားကစားကွင်းတွင် ယမန်နေ့နံနက် ၇ နာရီအချိန်ကစတင်၍ လေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိသည်။

မိုးညိုမြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ နွေရာသီအားကစားသင်တန်းဖွင့်ပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှု၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်မှုဖြင့် နွေရာသီအားကစားသင်တန်းဖွင့်ပွဲကို ယမန်နေ့ညနေ ၄ နာရီချိန်က မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ပြုလုပ်ခဲ့သည်။

သာယာဝတီမြို့၌ အခြေခံကာတွန်းရေးဆွဲနည်းသင်တန်း အခမဲ့ဖွင့်လှစ် 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်စေရန် ထူးချွန်ထက်မြတ်သော လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံကာတွန်းရေးဆွဲနည်းသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် (၈၀) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် "ပညာဘဏ်" စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနား တက်ရောက်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက (၈၀) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်ဆောင်ရွက်မှုကော်မတီ၏ မတည်ငွေကျပ်သိန်း (၁၅၀) ဖြင့် ဆောက်လုပ်သော "ပညာဘဏ်" စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ပေါင်းတည်ဘိုးဘွားရိပ်သာဘိုးဘွားများနှင့် ဝန်ထမ်းမိသားစုများအား ဇီဝအချက်အလက်များ ကောက်ယူခြင်းကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ဇီဝအချက်အလက်များကောက်ယူခြင်း(Biometric Dater) လုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး