ပဲခူးတိုင်းဒေသကြီး ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း(Dip.EP) အမှတ်စဉ်(၁/၂ဝ၂၅)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မတ် ၂၄

ပဲခူးမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း(Dip.EP) အမှတ်စဉ်(/၂ဝ၂၅)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ဒီကနေ့ ဖွင့်လှစ်တဲ့ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း(Dip.EP) (အမှတ်စဉ်-/၂ဝ၂၅)”ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်ပါတစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေးဆိုတဲ့အချက်နဲ့အညီ  နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များသည် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး" ဆိုတဲ့အချက်ကိုပါကျွဲကူးရေပါလုပ်ဆောင်ကြရမည့်နေရာမှာ ဆရာ၊ ဆရာမတို့ရဲ့ စွမ်းရည်တွေ ပြည့်ဝဖို့လိုအပ်လာပါတယ်။ ဒါကြောင့် ဆရာ၊ ဆရာမများကို စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းတွေ အထပ်ထပ်ပေးပြီး စွမ်းရည်တွေပြည့်ဝတဲ့ ဆရာ၊ ဆရာမတွေက နိုင်ငံတော်အတွက် လိုအပ်တဲ့ သားကောင်းရတနာတွေကို ပြုစုပျိုးထောင်ပေးဖို့၊ လမ်းညွှန်ပေးဖို့နှင့် အသိတွေမပြည့်စုံတဲ့ ကလေးလေးတွေကို အသိဉာဏ်ပညာတိုးလာအောင်စာကိုလဲသင်၊ လူကိုလဲပြင်ပေးကြပါရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများကပန်းကလေးများရဲ့ဥယျာဉ်မှူးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် တာဝန်ရှိသူများသည် ပဲခူးမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး  နှုတ်ဆက်စကားပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း(Dip.EP) အမှတ်စဉ်(/၂ဝ၂၅)တွင် ပဲခူးမြို့အ.ထ.က(၂)ကျောင်း၌ သင်တန်းသား/သူ ၂၅၀ ဦး၊ အ.ထ.က(၉)ကျောင်းတွင် သင်တန်းသား/သူ ၂၀၀ ဦး တို့အား သင်တန်းနည်ပြ ၁၄ ဦး ဖြင့် မတ်လ ၂၄ ရက်မှ မေလ ၃၀ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး  ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း(Dip.EP) အမှတ်စဉ်(/၂ဝ၂၅)အား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သင်တန်းသား/သူ ၃၇၅၀ ဦးက သတ်မှတ်ထားသည့်ကျောင်းများ၌ သင်တန်းတက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန် /ဆက်)