ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပေါင်းတည်မြို့နယ် နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အဖွဲ့ဝင်များ၊ တိုင်းခရိုင်ဌာနဆိုင်အကြီးအကဲများလိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီက နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇီးကုန်းမြို့နယ်တွင် နွေနှမ်း (ပေါင်ကြီးတင်စနစ်) စိုက်ပျိုးနေမှုအား ကြည့်ရှု့အားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ ခရိုင်အဆင့် ဌာနဆိုင်ရာများသည် မတ်လ ၂၃ ရက် နံနက်ပိုင်းက နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် နွေနှမ်း (ပေါင်ကြီးတင်စနစ်) စိုက်ပျိုးနေမှုအား ကြည့်ရှု့အား‌ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ နတ်တလင်းမြို့ ရွှေလင်းခန်းမပြုပြင်ခြင်းလုပ်ငန်းနှင့် စက်မှုလယ်ယာစနစ်တကျလယ်မြေ (၁၂၀) ဧက ဖော်ထုတ်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့ ရွှေလင်းခန်းမပြုပြင်ခြင်းလုပ်ငန်းနှင့် စက်မှုလယ်ယာ စနစ်တကျလယ်မြေ (၁၂၀) ဧက ဖော်ထုတ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ဖြူးဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား အလှူရှင်များ၏ နေ့စဥ် နံနက်စာ၊ နေ့လယ်စာ၊ ညစာနှင့် ဆေးပဒေသာပင်များ လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ဖြူးဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား အလှူရှင်များ၏ နေ့စဥ် နံနက်စာ၊ နေ့လယ်စာ၊ ညစာနှင့် ဆေးပဒေသာပင်များ လှူဒါန်းလျက်ရှိကြောင်းနှင့် လှူဒါန်းလိုသူများအတွက် ကုသိုလ်ယူလှူဒါန်းနိုင်ကြောင်းကို ဖြူးဘိုးဘွား စောင့်ရှောက်ရေးအသင်းကြီးကြပ်ရေးကော်မတီမှ သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း လယ်ယာကဏ္ဍ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း လယ်ယာကဏ္ဍ အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကဝမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများ ဆက်လက်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အားကစားကွင်းတွင် ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့တွင် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နယ်လှည့်ကွင်းဆင်း အခမဲ့ကုသပေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ထွန်းထွန်းစိုး၊ တီဘီရောဂါကုသရေးဌာန တာဝန်ခံ ဆရာဝန်နှင့် ဝန်ထမ်းများသည် မတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ကျေးရွာများအရောက် နယ်လှည့် အခမဲ့ကွင်းဆင်းကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ရုံးမှ ဝန်ထမ်းများအဖွဲ့သည် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့နံက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် နိုင်ငံတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်ပိုင်းက နိုင်ငံတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး