ပဲခူးတိုင်းဒေသကြီး

ပြည်မြို့နယ် သမဝါယမအသင်းစုမှ ဆောင်းဆီထွက်သီးနှံ နေကြာ (ရေဆင်းစပ်မျိုး- ၁) စံကွက်ရိတ်သိမ်း

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် သမဝါယမအသင်းစုမှ ၂၀၂၄-၂၀၂၅ ဆောင်းဆီထွက်သီးနှံ နေကြာ (ရေဆင်းစပ်မျိုး- ၁) စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့နယ် မြောင်းဆုံကျေးရွာအုပ်စု၊ ဂွေးပင်ကုန်းကျေးရွာရှိ စံပြစိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (Dip. EP) (၁/၂၀၂၅) သင်တန်းဖွင့်

ပဲခူးတိုင်းဒေသကြီး (အနောက်) ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ (Dip. EP) (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သာယာဝတီမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ/ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် ‌ဆွေးနွေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်စွမ်းရည်မြင့်မားရေးအတွက် ဆရာ/ ဆရာမများအား ကောင်းမွန်သော သင်ကြားရေးဆိုင်ရာ အရည်အသွေးများနှင့် လုပ်ငန်းတတ်ကျွမ်းမှုဆိုင်ရာ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သင်ရိုးသစ်ဘာသာရပ်များကို ပိုမိုနားလည်တတ်ကျွမ်းလာစေရန်ရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က (၁) သာယာဝတီကျောင်းနှင့် အ.ထ.က (သုံးဆယ်) ကျောင်းများ၌ ဖွင့်လှစ်သင်ကြားလျှက်ရှိရာ ၂၀၂၅ ခုနှစ်၊ အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြင့်မားရေးဆွေးနွေးပွဲကို ခရိုင်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် မတ်လ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့ထိ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အ.ထ.က (၁) သာယာဝတီကျောင်းတွင် အလယ်တန်းအဆင့်တွင် နည်းပြ (၅၂) ဦးနှင့် ရုံးအဖွဲ့ (၃) ဦး၊ ကျောင်းဆရာ/ဆရာမ (၇၀၃) ဦး၊ အ.ထ.က (သုံးဆယ်) ကျောင်းတွင် မူလတန်းအဆင့်တွင် နည်းပြ (၅၀) ဦး၊ ဆရာ/ ဆရာမ (၇၅၆) ဦး၊ တက်ရောက်ဆွေးနွေးကြမည်ကြောင်း သိရသည်။

ကဝမြို့နယ်တွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီက အ.ထ.က (ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သနပ်ပင်မြို့နယ်တွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် သင်ကြားသင်ယူမူထိရောက်ရေး ဆရာ/ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲ သင်တန်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မူလတန်းဆင့်နှင့် အလယ်တန်းဆင့်သင်ကြားပေးသော ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်တင်ပေးရန် ရည်ရွယ်၍ မူလတန်းနှင့် အလယ်တန်းဆင့်သင်ကြားသင်ယူမူထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲ သင်တန်းကို အခြေခံပညာအထက်တန်းကျောင်း ဇီဇဝါခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့၌ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲများ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းသား/ သူများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ တိုးတတ်မြှင့်မားလာစေရန်၊ အသစ်ခန့်ဆရာ/ ဆရာမများ၏ အရည်အသွေးတိုးတတ်မြှင့်မားလာစေရန်၊ ထူးချွန်ထက်မြက်သော နိုင်ငံသားကောင်းရတနာများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲများကို အ.ထ.က မင်းလှ (မြို့ပြင်) ကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီချိန်က စတင်ဆောင်ရွက်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ တီဘီရောဂါအခမဲ့စမ်းသပ်စစ်ဆေး ကုသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ပူးပေါင်း၍ TB Mobile Clinic ကို ယနေ့နံနက်က ဝက်စာပိုးကျေးရွာအုပ်စု၊ ညောင်ဇင်ကျေးရွာတွင် (အခမဲ့) စမ်းသပ်စစ်ဆေးကုသဆောင်ရွက်ခဲ့သည်။

သာယာဝတီမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ နွေရာသီအခြေခံနှင့် အဆင့်မြင့်အားကစားသင်တန်းများဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သာယာဝတီခရိုင်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပူးပေါင်းကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံနှင့်အဆင့်မြင့်အားကစားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက သာယာဝတီခရိုင် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ်၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် မြို့နယ်အဆင့် မူလတန်းဆင့်နှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် မူလတန်းဆင့်နှင့် အလယ်တန်းဆင့်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း)နှင့် အခြေခံပညာမူလတန်းကျောင်း(ညောင်ကုန်း)တို့တွင် ဆောင်ရွက်လျက်ရှိသည်။

ကျောက်တံခါးမြို့နယ်တွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်(မြို့နယ်အဆင့်) အရည်အသွေးမြှင့် ဆွေးနွေးပွဲဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်(မြို့နယ်အဆင့်) အရည်အသွေးမြှင့်ဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အ-ထ-က(အနောက်ရပ်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး