ပဲခူး မတ် ၂၄
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မတ်လ(၂၃)ရက်နေ့က အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် အဓိကမကူးစက်နိုင်သောရောဂါများ၊ နှလုံးနှင့် နှလုံးသွေးကြောရောဂါကာကွယ်ခြင်းနှင့် အခြေခံကုထုံးလမ်းညွှန် တိုင်းဒေသကြီးအဆင့် ဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး)ဒေါက်တာကျော်ကံကောင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး)ဒေါက်တာကျော်ကံကောင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံမှာ ကျေးလက်နေပြည်သူလူထုအားလုံး သွေးတိုးဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေးကုသမှုခံယူနိုင်ဖို့အတွက် ၂၀၁၇ ခုနှစ်မှ စတင်ပြီး အခြေခံကျန်းမားရေးဝန်ထမ်းများက သွေးတိုးဆီးချိုနှင့် သွေးတိုးရောဂါစစ်ဆေးကုသမှုဆေးခန်း(NCD Clinic)များ ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာမှာ ပဲခူးတိုင်းဒေသကြီးအတွင်းတွင် ယနေ့အထိ မြို့နယ်ပေါင်း(၂၈)မြို့နယ်၌ NCD clinic ပေါင်း (၉၈၃)ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ်အတွင်းတွင် Screening လူနာပေါင်း(၅၀၄၆၃၇)ဦး၊ ဆီးချိုလူနာပေါင်း(၅၇၁၈၁)ဦး၊ သွေးတိုးရောဂါရှိသူပေါင်း(၉၇၄၀၉)ဦး၊ နှလုံးနှင့်သွေးတိုးရောဂါ CVD Risk ရှိသူ (၆၆၉၀၇)ဦး တွေ့ရှိခဲ့ရကြောင်း၊ ယခုဆရာဖြစ်သင်တန်း တက်ရောက်လာကြသူများဟာ မြို့နယ်အဆင့်ဆရာဖြစ်သင်တန်းဆောင်ရွက်တဲ့အခါမှာ ပါဝင်ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် မိမိတို့မြို့နယ်များအတွင်း မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြဖို့အတွက် သင်တန်းအချိန်များအတွင်းမှာ သေချာလေ့လာသင်ယူကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းသို့ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ သင်တန်းသား၊ သင်တန်းသူ(၈၁)ဦးတက်ရောက်ကာ မတ်လ(၂၂)ရက်နေ့(၂၄)နေ့အထိ (၃)ရက်ကြာဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)