ပေါက်ခေါင်းမြို့နယ်တွင် အခြေခံပညာမူလတန်း/ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်

ပေါက်ခေါင်း မတ် ၂၄

ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်း/ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ/ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (ပေါက်ခေါင်း) ရွှေရတု ခန်းမ၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်နိုင်သူဦးက သင်တန်းဖွင့်အမှာစကား‌ပြောကြားပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမိုးဇော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ ဆရာ/ဆရာမ (၁၁၆) ဦးက အလယ်တန်းအဆင့် သင်တန်းသား/သင်သင်တန်းသူ (၂၆၂) ဦး၊ မူလတန်းအဆင့် သင်တန်းသား၊ သက်တန်းသူ (၈၉၁) ဦး စုစုပေါင်း (၁၁၅၃) ဦးတို့အား မူလတန်းအဆင့်/အလယ်တန်းအဆင့် ဘာသာရပ်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ/ သင်တန်းသား၊ သင်တန်းသူများမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသင်တန်းကို မတ်လ ၂၄ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့ထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများက အပြန်အလှန်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)