ကြို့ပင်ကောက် မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သင်ကြားသော နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်မီတာ ၄၀၀ အားကစားကွင်းတွင် ယမန်နေ့နံနက် ၇ နာရီအချိန်ကစတင်၍ လေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိသည်။
မြို့နယ်အားကစားမှူး ဦးမြင့်နိုင်က နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးငယ်များ အချိန်ကို အကျိုးရှိစွာအသုံးချပြီး ကျန်းမာကြံ့ခိုင်သော အားကစားသမားကောင်းများပါ်ထွက်လာစေရန်၊ အသင်းအဖွဲ့စိတ်ဓါတ်နှင့် စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများရရှိလာစေရန်နှင့် မလိုလားအပ်သောအတွေးအခေါ်အယူအဆများများဖြင့် လမ်းမှားမရောက်စေရေးအတွက်ရည်ရွယ်၍ ကျောင်းသားကျောင်းသူ သင်တန်းသား ၅၀ ဦးအား ပြေးခုန်ပစ်၊ ပိုက်ကျာ်ခြင်း၊ လက်ဝှေ့စသည့် အားကစားနည်းများကို ကျွမ်းကျင်သာ အားကစားသမား နည်းပြဆရာများဖြင့် အခြေခံအဆင့်မှစ၍လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြာင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)