မိုးညို မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှု၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်မှုဖြင့် နွေရာသီအားကစားသင်တန်းဖွင့်ပွဲကို ယမန်နေ့ညနေ ၄ နာရီချိန်က မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်းလွင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးမင်းကြည်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဟန်တို့က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ အမျိုးသမီးရေးရာအဖွဲ့မှ အားကစားဝတ်စုံနှင့်အားကစားပစ္စည်းများပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အမျိုးသမီးရေးရာအဖွဲ့တို့က အားကစားသင်ကြားပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းကို မတ်လ ၂၃ ရက်မှ ဧပြီလ ၁ ရက်နေ့ထိဖွင့်လှစ်၍ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်နှင့်မြန်မာ့သိုင်း အားကစားနည်းများကို သင်တန်းသား(၁၂၀)ဦးအား သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)