ပဲခူးတိုင်းဒေသကြီး

မင်းလှမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၉ ရက်နံနက် ၁၀  နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။

ဒိုက်ဦးမြို့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူး‌ပေါင်း၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေး‌ကို ယမန်နေ့နံနက်(၉)နာရီအချိန်က အ‌ခြေခံပညာမူလတန်းလွန်(ရွာတန်းရှည်)ကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ပေါင်းတည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မိုးစပါးအောင်မြင်ဖြစ်ထွန်းနိုင်ရေးစိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌  မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုဖြစ်ထွန်းအောင်မြင်နိုင်ရေးအတွက် ပေါင်းတည်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ယမန်နေ့နံနက်ပိုင်းတွင် တောင်သူများအား စိုက်ပျိုးရေးစရိတ်များဆက်လက် ထုတ်ချေးပေးခဲ့ကြကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ညောင်ဝိုင်းရပ်ကွက်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန လူအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် (၁၁) နာရီအချိန်က စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ မနက်(၁၀)နာရီက အ.မလ.က(ခွဲ)ဖရဲကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အုတ်ဖိုမြို့၌ Google Spreadsheet အသုံးပြု၍ Data ထည့်သွင်းနည်းသင်တန်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးအစည်းဝေးခန်းမတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ဦးဆောင်မှုဖြင့် စက်တင်ဘာလ ၈ ရက်နေ့က Google Spreadsheet အသုံးပြု၍ Data ထည့်သွင်းနည်းသင်တန်းကို ကျင်းပခဲ့သည်။

ညောင်လေးပင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိ ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မူလွန်(ငှက်ပျောတောစု)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်မြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

ပြည်တွင်းအခွန်များဦးစီးဌာနမှဆောင်ရွက်လျက်ရှိသော အခွန်ဆိုင်ရာသိမှတ်ဖွယ်ရာအကြောင်းများကို ပြည်မြို့နယ်အတွင်း အခွန်ထမ်းပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ အခွန်ဆိုင်ရာပညာပေးရှင်းလင်းဆွေးနွေးပွဲပြု လုပ်ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်းနှင့် အခွန်ထမ်းပြည်သူများတက်ရောက်ကြသည်။

နတ်တလင်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်၊ စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်၊ စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြည်တော်သာ အ.မ.က ကျောင်း၌ ပြုလုပ်ခဲ့သည်။

၂၀၂၅ ခုနှစ် ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ စက်တင်ဘာ ၇ ရက်နေ့ ညနေပိုင်းက ၂၀၂၅ ခုနှစ် ညောင်လေးပင်ခရိုင် ညောင်လေးပင်ခရိုင်၊စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဖလား မြို့နယ်ပေါင်းစုံအသက် ၂၅ နှစ်အောက်(အမျိုးသမီး)ဘောလုံးပြိုင်ပွဲဆု ပေးပွဲအခမ်းအနားကျင်းပခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး