နတ်တလင်း နိုဝင်ဘာ ၁၈
စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးတိုးမင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်) ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ ပြည်ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးတို့နှင့်အတူ ၂၀၂၅-၂၀၂၆ မိုးစပါးစိုက်ပျိုးချိန်ရာသီတွင် ပဲခူတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ တောင်သူ ဦးရဲမြင့်၏ လယ်တွင်စိုက်ပျိုးထားသော အရည်အသွေးကောင်း၊ အထွက်ကောင်း စပါးမျိုးဖြစ်သည့် ရေဆင်းပေါ်ဆန်း-၁ စပါးမျိုး (၁) ဧကနှင့် ရေဆင်းပေါ်ဆန်း-၂ စပါးမျိုး (၁)ဧက မျိုးသန့်ပွားစိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရေဆင်းပေါ်ဆန်းစပါးမျိုးများသည် နွေစပါး၊ မိုးစပါး စိုက်ပျိုးနိုင်ပြီး ပေါ်ဆန်းမွှေးကဲ့သို့ အရည်အသွေး ကောင်းမွန်ခြင်း၊ အသက်ရက် ၁၂၀-၁၃၆ ရက်သက်တမ်းရှိ အထွက်ကောင်းမျိုးများဖြစ်ကာ ပန်းတိုင်အထွက်နှုန်း ရရှိနိုင်သည့် အလားအလာကောင်းသော စပါးမျိုးများဖြစ်၍ နိုင်ငံခြား Export တင်ပို့နိုင်သောကြောင့် တောင်သူဝင်ငွေ (၂)ဆ တိုးပြီးရရှိနိုင်မည်ဖြစ်ပြီး တောင်သူများ ရေဆင်းပေါ်ဆန်း စပါးမျိုးများအား တွင်တွင်ကျယ်ကျယ်စိုက်ပျိုးကာ ပြည်တွင်းစားသုံးမှုပိုလျှံအောင် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေးကြိုးပမ်းခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိနိုင်ကာ ယခု မျိုးသန့်ပွား စိုက်ပျိုးရရှိသည့် မျိုးသန့်စပါးမျိုးစေ့များကို အသုံးပြုပြီးလာမည့် ၂၀၂၆-၂၀၂၇ မိုးစပါးရာသီနှင့် နွေစပါးရာသီတို့တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းအားထုတ်ကြရန် တောင်သူများအား တွေ့ဆုံမှာကြားခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)