ပဲခူးတိုင်းဒေသကြီး

ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ Book Club အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre)၌ စက်တင်ဘာလ ၇ ရက်နေ့နံနက် ၁၀ နာရီက Book Club အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စက်တင်ဘာ ၇ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲစည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ တော်သလင်းလဆန်း ၁၃ ရက်၊ စက်တင်ဘာ ၄ ရက်မှ တော်သလင်းလပြည့်နေ့၊ စက်တင်ဘာ ၆ ရက်အထိ ၃ ရက်တိုင် ကျင်းပပြုလုပ်သော ၁၂၈ ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံပွဲကို နောက်ဆုံး‌နေ့ တော်သလင်းလပြည့်နေ့ ည ၇ နာရီတွင် ပိတ်ပွဲအခမ်းအနားကျင်းပခဲ့ရာ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်တွင် မြို့နယ်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲလူရွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကျောင်းသားအားကစားပြိုင်ပွဲအတွက် မြို့နယ်အဆင့်အရည်အချင်းပြည့်မီသော ထူးချွန်အားကစားသမားများစေလွှတ်နိုင်ရေး မြို့နယ်အဆင့်ကျောင်းပေါင်းစုံပဏာမလူရွေးချယ်ပွဲကို ယမန်နေ့နံနက် ၉ နာရီကစတင်၍ အ.ထ.က(ကဝ)ကျောင်းအားကစားကွင်းနှင့် ရွှေညောင်ပင်ဘော်လီဘောအားကစားကွင်းတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ပန်းတောင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယမန်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က(ခွဲ) ဒန့်ဒလွန်ကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်ခဲ့သည်။

တောင်ငူမြို့နယ်၌ လူထုကျန်းမာရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ အညာသားလေးမုန့်ဖတ်ခြောက်စက်ရုံ၌ ကျန်းမာရေးဦးစီးဌာနမှ စက်တင်ဘာလ ၇ ရက်နေ့နံနက်ပိုင်းက လူထုကျန်းမာရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ်၊ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့၊ ခေတ္တရာရွှေပြည် ခရိုင်အားကစားကွင်း၌ကျင်းပရာ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ခရိုင်(၄)မြို့နယ်မှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ အသင်းအုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကြည့်ရှုအားပေးသူပရိတ်သတ်များတက်ရောက်ကြသည်။

ဒိုက်ဦးမြို့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူး‌ပေါင်း၍ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးအသိပညာပေး‌ကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က အ‌ခြေခံပညာအလယ်တန်းကျောင်းခွဲ(ဆင်စခန်း)ကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

ပဲခူးမြို့၌ ၂ဝ၂၅ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့တွင်ကျရောက်မည့် (၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့ အခြေခံပညာမူလတန်းလွန်ကျောင်း(အလင်းရောင်)တွင် ပြုလုပ်ခဲ့ကြသည်။

ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး