မင်းလှမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်း ဖွင့်လှစ်

မင်းလှ နိုဝင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီခွဲချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ပြုလုပ်သည်။

သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ စောရွှေသိန်းက အမှာစကား ပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲရုံးဦးစီးအရာရှိ ဒေါ်ဇင်နွယ်ခိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်များကို ပြောကြားသည်။

မင်းလှမြို့နယ်တွင် မဲရုံပေါင်း(၉၀) ရုံရှိရာ သင်တန်းကိုမဲရုံမှူး၊ ဒုမဲရုံမှူးများဖြစ်သည့် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ(၁၈၀) ဦးတတ်ရောက်ခဲ့‌ကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မဲရုံတစ်ရုံတွင် တစ်နေ့တာ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကိုနံနက်(၉) နာရီခွဲမှညနေ (၄) နာရီချိန်ထိ (၂) ရက်ကြာ သင်ကြား‌ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)