တက္ကသိုလ်ပထမနှစ် တက်‌ရောက်မည့် ပေါင်းတည်မှ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးနေမှုများအား ကြည့်ရှုအားပေး

ပေါင်းတည် နိုဝင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်မှ တက္ကသိုလ်ပထမနှစ် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများသည် ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ (ယာယီကြိုတင်မဲရုံ) တွင် ဆန္ဒပြုမဲပေးခဲ့ကြသည်။

ထိုသို့မဲပေးရာ၌ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ အသက် ၁၈ ပြည့်ပြီး၍ မဲပေးပိုင်ခွင့်ရှိသည့် တက္ကသိုလ် ပထမနှစ် တက်ရောက်တော့မည့် ကျောင်းသား၊ ကျောင်းသူ ၉၀ ဦးသည် မိမိတို့ရပ်ကွက်၊ ကျေးရွာအုပ်စု မဲဆန္ဒနယ်အလိုက် အရွေးချယ်ခံနိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းအသီးသီးအား ဆန္ဒပြုကြိုတင်မဲပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြိုတင်မဲများဖြင့် အောင်မြင်စွာလျှို့ဝှက်မဲပေးနိုင်ရေး  မြို့နယ်ကော်မရှင်အဖွဲ့နှင့် ရပ်ကျေးကော်မရှင်အဖွဲ့တို့က ကြီးကြပ်ဆောင်ရွက်ပေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့က ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ရွှေသား (IPRD)